Welcome

Beyond Technology (myKyat)

06 Feb, 2015

သင်အသုံးပြုနေတဲ့ မိုဘိုင်းဖုန်း တစ်လုံးနဲ့တင် ငွေကြေးကိစ္စတွေ လုပ်ကိုင်ဆောင်ရွက် နိုင်ပြီဆိုတာ သင်သိပါသလား။
တကယ်ဆိုရင် သင့်လက်ထဲက ဘယ်လိုမိုဘိုင်းဖုန်းတစ်လုံးနဲ့မဆို -

  • ဘဏ်ကိုသွားစရာမလိုပဲ တစ်နေရာကနေတစ်နေရာကို ငွေလွှဲလို့ရတယ်။
  • ငွေသားတွေအများကြီးယူသွားစရာမလိုပဲ ဈေးဝယ်ကောင်တာတွေမှာ ငွေပေးချေလို့ရတယ်။
  • ဖုန်းငွေဖြည့်ကဒ်တွေကို ရှာဝယ်နေစရာမလိုပဲ ဖုန်းထဲမှာဖုန်းပြောခ ငွေဖြည့်လို့ရတယ်။
  • လျှပ်စစ်မီတာခ၊ ရေမီတာခ..စတဲ့ငွေပေးချေမှုတွေအတွက် သက်ဆိုင်ရာရုံးတွေကို ကိုယ်တိုင်သွားစရာမလိုပဲ ဘီလ်ပေးဆောင်လို့ရတယ်။

…စတဲ့ စတဲ့ အသုံးဝင်မှုတွေအပြင် ငွေကြေးကိစ္စတွေအတွက် မိုဘိုင်းဖုန်းတစ်လုံးရဲ့ အရေးပါမှုတွေက အံ့သြစရာဖြစ်လာပါပြီ။
သင့်ရဲ့မိုဘိုင်းဖုန်းတစ်လုံးဟာ အဲဒီလိုငွေကြေးကိစ္စတွေအတွက် အသုံးပြုချင်ပါသလား။
သင့်ရဲ့ မိုဘိုင်းဖုန်းကို မိုဘိုင်းပိုက်ဆံအိတ် (Mobile Wallet) တစ်ခုအဖြစ်သုံးချင်ရင်တော့ myKyat နဲ့အတူ မကြာခင်မှာပဲ အသုံးပြုလို့ရတော့မှာဖြစ်ပါတယ်။
myKyat အကြောင်းကို အသေးစိတ်ရအောင် အောက်ဖော်ပြပါ ၀က်ဆိုက်လိပ်စာကတစ်ဆင့် Eleven Media Group က မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုကြည့်လိုက်ပါ။