Welcome

မိုဘိုင်း Money ၀န်ဆောင်မှုတစ်ခြုဖစ်သည့် myKyat ၀န်ဆောင်မှုတွက် ကိုယ်စားလှယ်အဖြစ်လာရောက်လျှောက်ထားမှု ၂၀၀ ကျော်ရှိနေ

18 Dec, 2014

မိုဘိုင်းဖုန်းဖြင့် ငွေလွှဲပို့၊ငွေလက်ခံစနစ်တစ်ခုဖြစ်သည့် myKyat မှ ၄င်း၏ ၀န်ဆောင်မှုများအတွက် ကိုယ်စားလှယ်ထားရှိမည့်အပေါ် လာရောက်လျှောက်ထားမှုအပေါင်း ၂၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ခန့်ထားရှိသွားမည်ဖြစ်ကြောင်း လျှောက်ထားလိုသူများအနေဖြင့် မိုဘိုင်းဖုန်းအားကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ရန်လိုအပ်မည်ဖြစ်ကြောင်း အဆိုပါ myKyat ၀န်ဆောင်မှုပေးနေသည့် Frontier Technology Partners ၏ အမှုဆောင်အရာရှိချုပ် Tim Scheffmann ကပြောသည်။

 “လာရောက်လျှောက်ထားတဲ့ အေးဂျင့် ၂၀၀ကျော်လောက်ရှိပြီ ဒါပေမယ့် ထပ်တိုးဦးမှာ၊ အေးဂျင့်အားလုံးပေါင်း ၆၀၀၀ ကျော်နီးပါးလောက်တော့ထားမယ်။ အေးဂျင့်တွေကို သေချာစိစစ်ပြီးမှ ရွေးချယ်သွားမှာပါ။အေးဂျင့်လုပ်မယ့်သူက အနည်းဆုံးတော့ မိုဘိုင်းဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့တော့လိုပါတယ်။ လုံခြုံရေးပိုင်းဆိုင်ရာကိုလည်းသေချာစနစ်တကျစီစဉ်သွားမှာပါ။ ဖုန်းပျောက်သွားရင်တောင် ကိစ္စမရှိပါဘူး။ လုံခြုံအောင်လုပ်ထားတယ်။ ပျောက်တာနဲ့ချက်ချင်းဖုန်းဆက်ရင်နောက်ဖုန်းနံပါတ်ကို အရင်ဖုန်းကပိုက်ဆံကို အလိုလိုလွှဲပေးပါတယ်။ မှတ်ပုံတင်တော့မှန်ဖို့လိုတာပေါ့” ဟု ပြောသည်။

အဆိုပါ Mobile Money ၀န်ဆောင်မှုတစ်ခုဖြစ်သည့် myKyat အားအသုံးပြုမည်ဆိုပါက Google Play Store တွင် Application ရယူနိုင်ပြီး ၀န်ဆောင်မှုအား ၂၀၁၅ ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီ တွင် ရန်ကုန်တစ်မြို့လုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ Application မှနေ၍ သုံးစွဲသူအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ငွေတောင်ခံခြင်း၊ အရောင်းအ၀ယ်ကိစ္စအ၀၀အတွက်ငွေပေးချေခြင်း၊ လစာပေးခြင်း စသည့် လုပ်ငန်းကိစ္စ အများအပြားကို အင်တာနက်ကွန်ရက်အဆက်အသွယ်မလိုပဲ မိုဘိုင်းဖုန်းများမှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application အား myKyat အကောင့်ရှိသူအချင်းချင်း အသုံးပြုနိုင်သကဲ့သို့ အကောင့်မရှိသူများလည်း အေးဂျင့်မှ တစ်ဆင့် ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ်ပြုလုပ်လိုပါက ဘဏ်အကောင့်ရှိရမည်ဖြစ်ပြီး အကောင့်ထဲတွင် အနည်းဆုံးကျပ် နှစ်သိန်းခန့်ထားရှိရမည်ဖြစ်ကြောင်း၊ ဖုန်းနံပါတ် ၀၁-၂၃၀ ၅၂၄၇၊ ၀၁-၂၃၀ ၅၂၄၈ ဖြင့်လည်းဆက်သွယ်နိုင်မည်ဖြစ်ပြီး myKyat ၏ ၀က်ဘ်ဆိုဒ် မှနေ၍ လျှောက်လွှာပုံစံယူပြီး ဖောင်ဖြည့်ကာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။ စဘော်တင်သွင်းသည့် ငွေပမာဏ အလိုက် ကိုယ်စားလှယ်များအား အဆင့်သတ်မှတ်ပေးသွားမည်ဖြစ်ပြီး myKyat နှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပထမပုဂ္ဂလိကဘဏ်သို့လည်း တိုက်ရီုက်သွားရောက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

အဆိုပါ myKyat မိုဘိုင်းငွေကြေးဝန်ဆောင်မှုအတွက် နည်းပညာနှင့်ဝန်ဆောင်မှု ထောက်ပံ့မှုတွင် Frontier Technology Partners မှတာဝန်ယူထားပြီး အခြားငွေကြေးအဖွဲ့အစည်းများ၊ ပထမပုဂ္ဂလိကဘဏ် တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်ထားကြောင်းသိရသည်။

 

ရာဇကိုကို

Tech Space Journal (Vol: 3, Issue: 37)