Welcome

မိုဘိုင်းဖုန်းကို ပိုက်ဆံအိတ်အဖြစ်သုံးနိုင်မည့် myKyat စတင်မိတ်ဆက်

15 Dec, 2014

“လုံခြုံမြန်ဆန်ဒို့ပိုက်ဆံ” ဟုဆိုသော ဆောင်ပုဒ်နှင့်အညီ ငွေကြေးဝန်ဆောင်မှုများကို ရိုးရှင်းလွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်မည့် myKyat Application အားစတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း Frontier Technology Partners မှသိရသည်။

myKyat ဆိုသည်မှာ ဘဏ်စနစ်ဖွံဖြိုးခြင်းမရှိသော ဒေသများရှိပြည်သူများအတွက် ကိုယ်စားလှယ်များက ရှေ့တန်းမှဦးဆောင်၍ လုပ်ကိုင်သော ဘဏ္ဍာရေးစန်ဆောင်မှုတစ်ခုဖြစ်ပြီး ဘဏ်ခွဲနှင့် ATM စက်များ လက်လှမ်းမမှီသောဒေသများတွင် အသုံးပြုနိုင်သော ဘဏ်ဝန်ဆောင်မှုဖြစ်သည်။ Frontier Technology Partners ၏ CEO ဖြစ်သူ ဦးအောင်မြင့်ထွန်းက “ဒီ Mobile Money စနစ်အစီအစဉ်တွေဟာ SAP ဂျာမန်နည်းပညာဖြင့် အကောင်အထည်ဖော်ထားပြီးတော့ myKyat အသုံးပြုသူတွေရဲ့လိုအပ်ချက်တွေကို မြန်ဆန်ချောမွေ့စွာ ဆောက်ရွက်ပေးနိုင်ရန် ဦးစားပေးလုပ်ဆောင်သွားမယ်” ဟုပြောကြားခဲ့သည်။ myKyat ကိုအသုံးပြု ခြင်းအားဖြင့် ၂၄ နာရီ ၇ ရက်ပတ်လုံး ဒေသမရွေး၊ အလွယ်တကူငွေလွှဲနိုင်ပြီး နီးစပ်ရာကိုယ်စားလှယ်ထံတွင် အလွယ်တကူ ငွေလွှဲ၊ငွေထုတ် နိုင်မည်ဖြစ်သည်။ ထို့ပြင်ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ဖြင့် သိမ်းထားနိုင်သောကြောင့် လုံခြုံမှုအပြည့်ရှိပြီး အချိန်နှင့် တစ်ပြေးညီ ငွေလွှဲ ငွေလက်ခံနိုင်သောကြောင့် အချိန်ကုန်လူပင်ပန်းမှု သက်သာမည်ဖြစ်သည်။

myKyat ဖြင့် လုပ်ဆောင်နိုင်သော ၀န်ဆောင်မှုများမှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲပို့ခြင်း၊ လွှဲငွေထုတ်ခြင်း၊ ငွေတောင်းနိုင်ခြင်း၊ ဘီလ်ပေးဆောင်ခြင်း၊ အုပ်စုဖွဲငွေလွှဲပို့ခြင်း၊ ဈေးဝယ်ခြင်း၊ အသေးစားချေးငွေပေးခြေမှုများ ဆောင်ရွက်နိုင်ခြင်းတို့ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။ ယင်း App ကို ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီလ မှသာ ရန်ကုန်တစ်မြို့လုံးတွင်အသုံးပြုနိုင်မည်ဖြစ်ပြီး Google Play Store တွင် အခမဲ့ Download ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ ၌ခန့်အပ်ထားသော ကိုယ်စားလှယ် ၉ ဦး ရှိနေပြီဖြစ်ပြီး Register ပြုလုပ်လိုသူများသည် info@frontiertechnologypartners.com သို့ဆက်သွယ်ရမည်ဖြစ်ကာ myKyat အသုံးပြုလိုသူများအနေဖြင့် support@mykyat.com (သို့) ဖုန်း ၂၃၀၅၂၄၇ ၊ ၂၃၀၅၂၄၈ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။