Welcome

myKyat ငွေကြေးဝန်ဆောင်မှုစနစ် စတင်မိတ်ဆက်

15 Dec, 2014

မိုဘိုင်းဖုန်းငွေကြေးဝန်ဆောင်မှုဖြစ်သည့် myKyat ၀န်ဆောင်မှုကို ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်ကာ မိတ်ဆက်လိုက်ကြောင်း သိရသည်။

myKyat အသုံးပြုသူအချင်းချင်းငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ အရောင်းအ၀ယ် ကိစ္စအရပ်ရပ်တို့အတွက် ငွေပေးချေခြင်း၊ လစာထုတ်ပေးခြင်း အစရှိသည့်လုပ်ငန်းများကို မိုဘိုင်းဖုန်း များမှတစ်ဆင့်ဆောင်ရွက်နိုင်မည့်စနစ်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင်စတင်မိတ်ဆက်ခြင်းဖြစ်၍ မှတ်ပုံတင်ထားခြင်းကိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၁၅ နှစ်စပိုင်းတွင် ရန်ကုန်တစ်မြို့လုံး စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ဘဏ်အကောင့်မရှိတဲ့သူတွေအတွက်ဒီစနစ်ကိုဆောင်ရွက်လိုက်တာပါ၊ လက်ရှိအသုံးပြုလို့မရသေးပေမယ့် Register လုပ် (မှတ်ပုံတင်) ထားနိုင်ပါတယ်” ဟု Frontier Technology Partners ၏ စီအီးအို ဦးအောင်မြင့်ထွန်းကပြောသည်။ အဆိုပါစနစ်ကို ပထမ ပုဂ္ဂလိကဘဏ်နှင့်ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

www.mykyat.com တွင် myKyat နှင့်ပတ်သက်၍လေ့လာနိုင်မည်ဖြစ်ပြီးမိုဘိုင်း Application ရယူလို သူများအနေဖြင့် Google Play Store တွင် Download ရယူနိုင်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ကိုယ်စားလှယ်များကိုလည်းဖိတ်ခေါ်လျက်ရှိသည်။ “မြို့နယ်တစ်ခုမှာကိုယ်စားလှယ်နှစ်ယောက်ထားဖို့ ဆောင်ရွက်ထားပါတယ်၊ အသုံးပြုတဲ့အတွက်နှစ်စဉ်ကြေး၊ လစဉ်ကြေးပေးရမှာမဟုတ်ပါဘူး၊ အခမဲ့ ဖြစ်ပါတယ်” ဟုဦးအောင်မြင့်ထွန်းကပြောသည်။ ဆိုင်ပိုင်ရှင်များ၊ ငွေကြေးဝန်ဆောင်မှုအတွေ့အကြုံ ရှိသူများ၊ စီးပွားရေးလုပ်ငန်းတစ်ခုခုပိုင်ဆိုင်ထားသူများ၊ ငွေသွင်းငွေထုတ်ကိုယ်စားလှယ်အဖြစ် ပူးပေါင်းလုပ်ကိုင်သူများကို myKyat မှဖိတ်ခေါ်ထားပြီး info@frontiertechnologypartners.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

Internet Banking

ဘဏ်စာရင်းစစ်ဆေးခြင်း၊ ငွေလွှဲခြင်းတို့ကို ကွန်ပျူတာ Laptop တို့ကို အသုံးပြုပြီး Internet Browser မှတစ်ဆင့် ဆောင်ရွက်ခြင်း

Mobile Banking

ဘဏ်စာရင်းစစ်ဆေးခြင်း၊ ငွေလွှဲခြင်းတို့ကို မိုဘိုင်းဖုန်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်း

Branchless Banking

 (Mobile Money)

၁။ ငွေပေးချေခြင်း၊ ငွေပို့ငွေလွှဲခြင်းတို့ကို မိုဘိုင်းဖုန်းဖြင့် တိုက်ရိုက်ဆောင်ရွက်ခြင်း

၂။ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်ထံမှ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ခြင်း။

၃။ ငွေသွင်းငွေထုတ်လိုသူထံတွင် ဘဏ်အအကောင့်ရှိစရာမလိုပဲ ခန့်အပ်ထားသောကိုယ်စားလှယ်ထံတွင်သာ ဘဏ်အကောင်းရှိရန်လိုအပ်ပါတယ်။

 

ထွန်းထွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၂