Welcome

Branchless Banking System တစ်ခုဖြစ်သော myKyat ကိုစတင်မိတ်ဆက်

11 Dec, 2014

Frontier Technology Partners ကုမ္ပဏီမှ branchless banking system တစ်ခုဖြစ်သော myKyat Mobile ၀န်ဆောင်မှုကို (8.12.2014) နေ့တွင် စဆင်မိတ်ဆက်ခဲ့သည်။ myKyat Mobile Money ၀န်ဆောင်မှုမှာ ငွေပေးချေခြင်း၊ ငွေပို့ငွေလွှဲခြင်းတို့ကို မိုဘိုင်းဖုန်းဖြင့် တိုက်ရိုက်ဆောင်ရွက်နိုင်ပြီး myKyat မှ ခန့်အပ်ထားသည့် ကိုယ်စားလှယ်ထံတွင် ငွေသွင်း ငွေထုတ်ပြုလုပ်နိုင်သည်။ ငွေသွင်း ငွေထုတ်လိုသူများ၏ထံတွင် ဘဏ်အကောင့်ရှိရန်မလိုဘဲ ခန့်အပ်ထားသော ကိုယ်စားလှယ်ထံ၌ သာ ဘဏ်အကောင့်ရှိရန် လိုအပ်သည်။

Frontier Technology Partners ၏ CEO ဖြစ်သူ Mr. Tim Scheffmann က “myKyat Mobile Money ၀န်ဆောင်မှုပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဘဏ်အကောင့်မရှိသေးတဲ့သူတွေကို အကူအညီပေးပို့နိုင်ဖို့အတွက် ဖြစ်ပါတယ်။ myKyat မှာ ဂျာမနီနည်းပညာဖြစ်တဲ့ SPA System ကို အသုံးပြုထားပါတယ်။ Mobile Money ဆိုတာ ပိုက်ဆံဖုန်းထဲမှာပဲရှိမှာဖြစ်ကာ ဘဏ်အကောင့်ရှိရှိ၊ မရှိရှိ လူတိုင်း ချိတ်ဆက်အသုံးပြုလို့ရပါလိမ့်မယ်။ ဆေးရုံ၊ စားသောက်ဆိုင်နဲ့ အခြားဝန်ဆောင်မှုတွေမှာ myKyat ကို အသုံးပြုလို့ရအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်ဆောင်မယ့် ကိုယ်စားလှယ်တွေ၊ Partner တွေကိုလည်း ဖိတ်ခေါ်သွားမှာပါ” ဟု ပြောသည်။

myKyat ငွေကြေးဝန်ဆောင်မှုစနစ်ကို (2015) ခုနှစ်၊ ဇန်န၀ါရီ (သို့) ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့တွင်း၌ တရားဝင်စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ myKyat သုံးစွဲသူ အချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ အရောင်းအ၀ယ်ကိစ္စအရပ်ရပ်တို့အတွက် ငွေပေးချေခြင်း၊ လစာထုတ်ပေးချေခြင်းအစရှိသည့် လုပ်ငန်းကိစ္စရပ်အများအပြားကို အင်တာနက်ကွန်ရက်မလိုဘဲ မိုဘိုင်းဖုန်းများမှတဆင့် မြန်ဆန်စွာဆောင်ရွက်နိုင်သည်။

myKyat Mobile Money တွင် USSD, SMS, Mobile Apps နှင့် Web Portal ဟူ၍ Channe (4) ခု ခွဲခြားအသုံးပြုနိုင်မည်ဖြစ်သည်။ (18.12.2014) နေ့တွင် ရန်ကုန်မြို့၌ ကိုယ်စားလှယ် (2) ဦး၊ myKyat User (12) ဦး၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းတစ်ခုတို့ဖြင့် myKyat ကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

“လက်ရှိအချိန်မှာ ကိုယ်စားလှယ်အသစ်များချဲ့ထွင်စုဆောင်းလျက်ရှိပါသည်။ ဆိုင်အမျိုးအစားတစ်ခုခုကို ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်တွေ၊ ငွေကြေးဝန်ဆောင်မှုအတွေ့အကြုံရှိသူတွေနဲ့ ငွေသွင်းငွေထုတ်ကိုယ်စားလှယ်အဖြစ်ပူးပေါင်းလုပ်ကိုင်လိုသူတွေအားလုံးကို ဖိတ်ခေါ်သွားမှာပါ။ myKyat Mobile Apps ကိုလည်း Google Play Store မှာ free Download ရယူနိုင်ပါတယ်” ဟု myKyat မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Ref: NetGuide Journal (Vol:3, Issue:64)

MZ