Welcome

myKyat ငွေကြေးဝန်ဆောင်မှုစနစ်ကိုသုံးပြီးတော့ သင့်ရဲ့မိုဘိုင်းဖုန်းကို ပိုက်ဆံအိတ်အဖြစ် အသုံးပြုနိုင်ပါပြီ

08 Dec, 2014
  • (၈/၁၂/၂၀၁၄) နေ့တွင် ရန်ကုန်မြို့မှာ ကိုယ်စားလှယ် (၂) ဦီး၊ myKyat အသုံးပြုသူ (၁၂)ဦး ၊ ကုမ္ပဏီ (၁) ခု၊ နိုင်ငံတကာလူမှုအဖွဲ့အစည်း (၁) ခု တို့အား အောင်မြင်စွာ စတင်မိတ်ဆက်လိုက်ပါပြီ။
  •   “ လုံခြုံမြန်ဆန် ဒို့ပိုက်ဆံ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သင့်ရဲ့ငွေကြေးဝန်ဆောင်မှုတွေကို  ရိုးရှင်းလွယ်ကူချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါပြီ။ ၂၀၁၅ ဇန်န၀ါရီ  (သို့) ဖေဖော်ဝါရီလတွင် ရန်ကုန်တစ်မြို့လုံး စတင်အသုံးပြု နိုင်ပါမည်။
  •   အများပြည်သူ  ယုံကြည်စိတ်ချရသော “ပထမ ပုဂ္ဂလိကဘဏ်” ၏ ဥက္ကဌဖြစ်သူ 
    “ဒေါက်တာ စိန်မောင်” မှ ဦးဆောင်၍ တိုးတက်ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် အများ ပြည်သူ ငွေကြေးဝန်ဆောင်မူ အခန်းကဏ္ဍတစ်ရပ်အဖြစ် Mobile Money အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
  • myKyat သုံးစွဲသူ အချင်းချင်းငွေလွှဲပြောင်းခြင်း ၊ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်း၊ အရောင်းအ၀ယ်ကိစ္စအရပ်ရပ်တို့အတွက် ငွေပေးချေ ခြင်း၊ လစာထုတ်ပေးချေခြင်း အစရှိသည့် လုပ်ငန်း ကိစ္စရပ်အများအပြားကို အင်တာနက် ကွန်ယက်အဆက်အသွယ် မလိုအပ်ပဲ မိုဘိုင်းဖုန်းများမှ တဆင့် အဆင်ပြေချောမွေ့မြန်ဆန်စွာ ဆောင်ရွက်နိုင်ပါမည်။
  •  Frontier Technology Partners ၏ CEO ဖြစ်သူ ဦးအောင်မြင့်ထွန်းက “ ဒီ Mobile Money စနစ် အစီအစဉ်တွေဟာ SAP ဂျာမန်နည်းပညာဖြင့် အကောင်ထည် ဖော်ထားပြီးတော့ myKyat အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို မြန်ဆန်ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန် ဦးစားပေး လုပ်ဆောင် သွားမယ်” လို့ ပြောပါတယ်။
  •  လက်ရှိအချိန်မှာ ကိုယ်စားလှယ်အသစ်များ ချဲ့ထွင်စုဆောင်းလျက် ရှိပါတယ်။ ဆိုင်အမျိုးအစားတစ်ခုခုကို ပိုင်ဆိုင်ထားသောဆိုင်ရှင်များ၊ ငွေကြေးဝန်ဆောင်မှု အတွေ့အကြုံရှိသူများ၊ စီးပွားရေးလုပ်ငန်းတစ်ခုခုကို ပိုင်ဆိုင်ထားသူများ၊ ငွေသွင်းငွေထုတ်ကိုယ်စားလှယ်အဖြစ် ပူးပေါင်းလုပ်ကိုင်လိုသူများ အားလုံးအားဖိတ်ခေါ်ပါသည်။

  • www.mykyat.com တွင် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။ mobile Application ကို  Google Play Store တွင် Download ရယူ အသုံးပြု နိုင်ပါသည်။

  • www.facebook.com/mykyat.Myananmar တွင် လည်း အသေး စိတ် အချက် အလက် များကို ကြည့် ရှု၍ like လုပ်ကြပါစို့။

  • myKyat Moblie Money ကို စိတ်ပါဝင်စားပူးပေါင်းဆောင်ရွက်လိုသောကုမ္ပဏီများ၊ ကိုယ်စားလှယ် များ info@frontiertechnologypartners.com  ကိုဆက်သွယ်နိုင်ပါသည်။

  • myKyat ကို အသုံးပြုလိုသူများ ဆက်သွယ်ရန် support@mykyat.com (သို့) ဖုန်း ၂၃၀၅၂၄၇၊ ၂၃၀၅၂၄၈