Welcome

တစ်နေ့လျှင်ကျပ်(၁၀)သိန်းထိ ငွေလွှဲပေးပို့နိုင်မည့် myKyat ငွေကြေးဝန်ဆောင်မှုစနစ် ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်တော့မည် ဟု Frontier Technology Partners ၏ CEO ဦးအောင်မြင့်ထွန်းမှ Democracy Today နေ့စဉ်သတင်းစာသို့ ပြောကြား

09 Dec , 2014

ကျပ်(၁၀)သိန်းထိ ငွေလွှဲပေးပို့နိုင်မည့် myKyat ငွေကြေးဝန်ဆောင်မှုစနစ် ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်တော့မည်

            ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ရန် မလိုအပ်ဘဲ မိုဘိုင်းဖုန်းဖြင့် ငွေကျပ် (၁၀) သိန်းအထိ ငွေလွှဲပြောင်းပေးပို့နိုင်မည့် myKyat ငွေကြေးဝန်ဆောင်မှုစနစ် ရန်ကုန်မြို့တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Frontier Technology Partners မှသိရသည်။

mykyat မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကို ၂၀၁၅ နှစ်ဆန်းပိုင်းမှ စတင်၍ ရန်ကုန်မြို့ အနှံ့ဝန်ဆောင်မှု ပေးသွားမည်ဟု mykyat မိုဘိုင်းငွေကြေးကို ဝန်ဆောင်မှုပေးမည့် Frontier Technology Partners မှ အမှုဆောင် အရာရှိချုပ် Mr.Tim Scheffmann ပြောသည်။

08 Dec , 2014

ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ mykyat ကိုယ်စားလှယ်ဆိုင် နှစ်ဆိုင်တွင် မိုဘိုင်းငွေကြေး ဝန်ဆောင်မှု စတင်စမ်းသပ်အသုံးပြုခဲ့ပြီး ၂၀၁၅ ဇန်နဝါရီနှင့် ဖော်ဖော်ဝါရီလအတွင်း ရန်ကုန်မြို့အနှံ့ ဝန်ဆောင်မှု စတင်အသုံးပြုနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

myKyat ငွေကြေးဝန်ဆောင်မှုစနစ်ကိုသုံးပြီးတော့ သင့်ရဲ့မိုဘိုင်းဖုန်းကို ပိုက်ဆံအိတ်အဖြစ် အသုံးပြုနိုင်ပါပြီ

08 Dec , 2014

  • (၈/၁၂/၂၀၁၄) နေ့တွင် ရန်ကုန်မြို့မှာ ကိုယ်စားလှယ် (၂) ဦီး၊ myKyat အသုံးပြုသူ (၁၂)ဦး ၊ ကုမ္ပဏီ (၁) ခု၊ နိုင်ငံတကာလူမှုအဖွဲ့အစည်း (၁) ခု တို့အား အောင်မြင်စွာ စတင်မိတ်ဆက်လိုက်ပါပြီ။

Pages