ယခုလက်ရှိ ပထမပုဂ္ဂလိကဘဏ်နှင့် ပူးပေါင်း၍ Mobile Money ၀န်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။
myKyat အကောင့်ဆိုသည်မှာ မိုဘိုင်းဘဏ်အကောင့်တစ်ခုဖြစ်ပါသည်။ သင်ကိုယ်တိုင် သင်၏မိုဘိုင်းဖုန်းဖြင့် ယင်းအကောင့်အား စီမံခန့်ခွဲထိန်းချုပ်နိုင်ပါသည်။
ဖွင့်ဖို့ မလိုပါ။ Bank account အသစ်ကိုလည်း register လုပ်ထားရန်မလိုအပ်ပါ။ မိုဘိုင်းဖုန်းတစ်မျိုးတည်းသာလိုအပ်ပါသည်။
မလိုအပ်ပါ။ myKyat Service ကိုရရှိဖို့ မည်သည့်ဖုန်းအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ feature ဖုန်းတွင်လည်း အသုံးပြုနိုင်ပါသည်။
မလိုအပ်ပါ။ သင်၏ မိုဘိုင်းဖုန်းသာလိုအပ်ပါသည်။
myKyat အကောင့်ရှိသည့် agent ထံတွင် အရင်ဦးဆုံး ဖုန်းနံပါတ် နှင့် NRC နံပါတ်ပေးပြီး register လုပ်ထားဖို့ လိုအပ်ပါသည်။ ဤနေရာတွင် စာရင်းသွင်းပေးနိုင်ပါသည်။
နီးစပ်ရာ myKyat Agent (သို့ ) Bank သို့ သွားပြီး သင်၏ ID ကိုယူသွားပါ။ ဖုန်းနံပါတ်အသစ် နှင့် myKyat အကောင့် အသစ်ကို register လုပ်ဖို့ လိုအပ်ပါသည်။ myKyat အကောင့် အဟောင်း မှ myKyat အကောင့်အသစ်ကိုငွေလွှဲလိုက်ပါ။ ငွေလွှဲခြင်းကိစ္စပြီးမြောက်ပါက myKyat အကောင့်အဟောင်းကို ပိတ်ဖို့ လိုအပ်ပါသည်။
ကိုယ်ပိုင် myKyat အကောင့်ရှိလျှင် မိမိအကောင့်မှ တစ်ခြားတစ်ယောက်၏ အကောင့်ကို ငွေလွှဲခြင်း (Transfer Money) ပြုလုပ်လျှင် အချိန်အကြာကြီးမယူဘဲ ချက်ချင်းငွေလွှဲပေးပို့ နိုင်ပါသည်။ မိမိတွင် myKyat အကောင့်မရှိလျှင် သုံးမည့်အခြေနေပေါ်မူတည်ပြီး အချိန်ကြာသွားနိုင်ပါသည်။
ပေးပို့ ပါသည်။ SMS Msg လက်ခံရရှိပါလိမ့်မည်။
ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းအရ တစ်ကြိမ်လွှဲလျှင် ၅ သိန်းထက်မပိုပဲ လွှဲနိုင်ပါသည်။
myKyat အကောင့်ရှိသူမှတစ်ဆင့် register မလုပ်ထားသေးသည့် အကောင့်မရှိသူထံသို့  ငွေပေးပို့ ခြင်း (Send Money) ပြုလုပ်လို့ ရနိုင်ပါသလား။ ရနိုင်ပါသည်။ အောက်ပါလုပ်ဆောင်ချက်များကိုပြုလုပ်ရပါမည်။ နီးစပ်ရာ myKyat အေးဂျင့် (သို့ မဟုတ်) ဘဏ်သို့  မိမိ၏ မှတ်ပုံတင် ကိုယူသွားပြီး လွှဲလိုသည့်ငွေပမာဏကိုပြောပြရပါမည်။ အေးဂျင့်ကို မှတ်ပုံတင် ၊ ဖုန်းနံပါတ် ၊ လွှဲချင်သည့် ငွေပမာဏစသည့် လိုအပ်သည်များကိုပေးရပါမည်။ အေးဂျင့်ကို လွှဲလိုက်သည့် ငွေပမာဏ နှင့် အခကြေးငွေ ပေးရပါမည်။ ငွေပမာဏ လက်ခံရရှိသည့် သူ၏ဖုန်းကိုလည်း တစ်ခါသုံး ကုဒ်နံပါတ်ကို မက်ဆေ့ပို့  ပါလိမ့်မည်။ လက်ခံရရှိသည့် သူမှလည်း နီးစပ်ရာ myKyat အေးဂျင့်ဆီသွား၍ ပိုက်ဆံကိုထုတ်ယူနိုင်ပါသည်။
ရနိုင်ပါသည်။ အနီးဆုံး agent ဆီသွားပြီး သင်၏ NRC နှင့် လက်ခံမည့်သူ၏ NRC စသည်များကိုပေးပြီး ငွေပေးပို့ နိုင်ပါသည်။
ယခုလက်ရှိအခြေအနေတွင် အနည်းဆုံး ငွေပမာဏ သတ်မှတ်ထားခြင်းမရှိသေးပါ။
သင်၏ PIN နံပါတ်မှာ သင်၏ Personal ID နံပါတ်ပင်ဖြစ်ပါသည်။ PIN နံပါတ်ကို သင်တစ်ယောက်သာသိပြီး မည်သူတစ်ဦးတစ်ယောက်မျှ မသိအောင်ထိန်းသိမ်းထားဖို့ လိုအပ်ပါမည်။ myKyat agent ကလည်းသင်၏ PIN ကိုမေးလိမ့်မည်မဟုတ်ပါ။ Transaction ပြုလုပ်သည့်အခါမှသာ သင်၏ PIN နံပါတ်ကို ရိုက်ထည့်ဖို့ လိုအပ်ပါမည်။ ဤသို့ အားဖြင့် system က သင့်ကိုအသိမှတ်ပြုပေးနိုင်မှာဖြစ်ပြီး Transaction ကိုလည်း တရားဝင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။
myKyat သည် နောက်ဆုံးပေါ် Mobile Money နည်းပညာကို အသုံးပြုထားပြီး SAP/Sybase 365 mobiliser platform ပေါ်တွင် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ဤနည်းပညာသည် ကမ္ဘာ အနှံ့အပြားရှိ စသည့်နိုင်ငံကြီးများတွင်လည်းအောင်မြင်စွာ အသုံးပြုနေသော နည်းပညာဖြစ်ပါသည်။
မရနိုင်ပါ။ ငွေလွှဲသောအခါတိုင်း မိမိ PIN ကို ရိုက်ထည့်ဖို့ လိုပါသည်။ ထို့ ကြောင့် မိမိ၏ PIN ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောပြဘဲ ထိန်ချန်ထားဖို့ လိုအပ်ပါသည်။
မိုဘိုင်းဖုန်းတစ်ခုတွင် myKyat အကောင့်တစ်ခုတည်းသာ ရှိရပါမည်။ မိုဘိုင်းဖုန်း တစ်လုံးထက်ပိုရှိပါက နောက်ထပ် myKyat အကောင့်အသစ် ဖွင့်လို့ ရနိုင်ပါသည်။
မဆုံးရှုံးနိုင်ပါ။ မည်သည့် Transaction ကိုမဆို PIN နံပါတ်ရိုက်ထဲ့ရမှာဖြစ်သည့်အတွက် သင်၏ ငွေသားများမှာ လုံခြုံစိတ်ချမှုရှိပါသည်။ သင်၏ အကောင့်ကို ပိတ်ရမှာဖြစ်သည့်အတွက် Agent (သို့ ) hotline ကို ဆက်သွယ်ဖို့ လိုအပ်ပါသည်။